Sunday, January 26, 2014
Love & Love
            .............
* ကိုယ်​ချစ်​သလို ပြန်​ချစ်​​စေချင်​ရင်
   ချစ်​လိုက်​ပါ
* ကိုယ်​​ပေးတိုင်း ပြန်​ရချင်​ရင်
* ကိုယ်​​စေတနာထားသလို
   ပြန်​ရ​စေချင်​ရင်
   မိဘနှစ်​ပါးကိုပြုစုပါ...။
------------------------------
           ရင်​ထဲမှာ​နွေ
          **********
* မနက်​ခင်းဆိုတာ ဘာလဲ
   မ​နေ့က ​နေဝင်​ချိန်​​တောင်
   မမြင်​လိုက်​ရဘူး
   အိပ်​​ပျော်​​နေသူငါ
* ​ဝေးတာချင်းအတူတူ
   ငါက ဘာဖြစ်​လို့
   လွမ်း​နေရတာလည်း
   ပြီးဆုံးချင်​ပြီ
* မင်း​လေးခုလှ​နေမှာ​ပေါ့​နှော်
   အ​ရေခွံလဲ​နေချိန်​မို့
   မျက်​နှာကို 
   မမှတ်​မိလိုက်​ဘူး
* ကြယ်​ပွင့်​​လေးကို ဖွက်​မထားပါနဲ့
   တိမ်​တိုက်​ကြီးရယ်
* ​ပျော်​ရွှင်​စရာ ​ငွေကမ္ဘာကြီးထဲ
   သစ္စာ​တွေ၊ ​မေတ္တာ​တွေက
   ငို​နေရမှာလား
   ဘာမှမရှိတဲ့ ငါ့ရင်​ဘက်​ထဲ
                          ချစ်​သူ​မောင်​လ
----------------------------
          မယုံမရှိနဲ့ကို​ယ်​​တွေ့
         ****************
* မိန်းခ​လေးတစ်​​ယောက်​ကို
   ချစ်​​နေပြီ ဆိုရင်​.....
   သူမရဲ့ အရမ်းခင်​မင်​မှုကို
   မရယူပါနဲ့
   မိန်းခ​လေး​တွေ ခင်​လွန်းရင်
   ပြန်​မချစ်​တက်​ကြဘူး။
                     ချစ်​သူ​မောင်
-------------------------------
               အမုန်းပန်းသီး
               ***********
* ကြည်​နူး​နေခိုက်​မှာ
   ဒဏ္ဏာရီဆန်​ဆန်​ အာဒမ်​ဖြစ်​ခဲ့တယ်
* မပီမသ သံစဉ်​လှလှကြား
   သူ့အ​ပြော​လေး​တွေက ​ဧဝ​လေ
* ဒဏ္ဏာရီထဲကလို
   ပန်းသီး​ဇာတ်​ခင်း
* ဟဲ ဟဲ
   အမုန်းပဲရတယ်​ ။
                     ချစ်​သူ​မောင်​လ
-------------------------------
           ဂစ်​တာအို​လေး
          ************
* ဟင်း........
   ဒီည မသာယာပါလား......
   အသဲကွဲည ဘယ်​မှာသာယာမလဲ
   နားငြီးတယ်​လို့ မထင်​ကြပါနဲ့
   သံစဉ်​​တွေနဲ့ ရင်​ခွဲပြ​နေတာပါ
* ဒီညကို အ​ရောင်​မဆိုးပါနဲ့
   ငိုလို့​ကောင်း​အောင်​လို့​လေ
   လူမြင်​ရင်​ မ​ကောင်းဘူး
* အာ​ခေါင်​​တွေ ​ခြောက်​ပါ​စေ
   ကာရံမဲ့သံစဉ်​လို့ မထင်​လိုက်​ပါနဲ့
   အ​သွေးအသားထဲက စီးဝင်​လာတာပါ
* ဂစ်​တာအို​လေးနဲ့ ငို​နေ
   အရင်​လို ​သူမသာ အနားနားမှားရှိရင်
   ဒီလိုညမျိုး တိတ်​​နေမှာပါ
  ¿¿¿¿¿¿¿¿¿
                                   ချစ်​သူ​မောင်​လ
-------------------------------
           ``မ´´
*`မ´​​ပျော်​ရွှင်​​နေတာကို မြင်​ချင်​တာ​ပေါ့
  ဒါ​ပေမယ့်​ ​ကောင်​​လေးကမှ
  ​ပျော်​စရာမဖန်​တီးတက်​တာ
*`မ´အနားမှာ​နေရတဲ့အချိန်
  `မ´ရယ်​.....
-------------------------------
*သူ့ကြည့်​​တော့ အလှတရား
  ကိုယ့်​ကြည့်​​တော့ ဘဝသမား
  ကပ်​မလားလို့ရည်​ရွယ်​တုန်း
  `အုန်း´ဆိုအတွယ်​ခံလိုက်​ရတယ်
   အမယ်​မင်း....
   ပြင်းလိုက်​တဲ့ လက်​ဝါး....။ ။
--------------------------------
            အချစ်​=?
*သူများ​တွေ​ပြော​ပြော​နေတယ်
  အချစ်​က ချိုမြိန်​တယ်​တဲ့
  စားသုံးလိုက်​ကြတာ
*တစ်​ချို့က အချစ်​ကခါးတယ်​ဆိုပြီး
*တစ်​ချို့ကြ​တော့
  အချစ်​က ငရုတ်​သီးလိုပဲ
  များသွားရင်​မ​ကောင်းဘူးတဲ့
*ကျွန်​​တော့အမြင်​က​တော့
  အချစ်​ကငံတယ်
  များသွားရင်​ ​သွေးတိုးတက်​တယ်
  နှလုံးခုန်​၊ရင်​တုန်​၊မူး​ဝေ​မောပန်း
   ......................။ ။
--------------------------------
*ငါ့ကိုယ်​ငါ အ​မွှေးတိုင်​လုပ်​မိလို့
  ပြာ​တွေကလည်း တစ်​ဖုတ်​ဖုတ်
  အရိုးတံ​လေးငုတ်​တုတ်
  အဲ့ဒါ​လေးပဲကျန်​တဲ့ဟာကို
  ချစ်​သူက....
  သွားကြားထိုးတံလုပ်​သွားတယ်
-------------------------------
       ပန်းက​လေး(သို့)နှင်းဆီ
       *********************
*ပန်းက​လေး​ရေ...
  လွယ်​လွယ်​မ​ကြွေ အိ​နြေ္ဒနှင့်​မို့
  တို့ ​ကောင်းချီး​ပေးပါတယ်
*ပန်းက​လေး​ရေ...
  မင်း​လေးရဲ့အလှမှာ ရစ်​မူးလိုသူ​တွေ
   များလှပါတယ်
*ပန်းက​လေး​ရေ...
  မင်း​လေးကို မြတ်​နိုး​ပေမယ့်
  အန္တရာယ်​ဆူးကို ​ကြောက်​မိတယ်
*ပန်းက​လေး​ရေ...
  မင်း​လေးအမြဲ ရွှင်​လန်း​စေဖို့
  တို့ အ​ဝေးကပဲ ​ပေးဆပ်​​နေပါရ​စေ
--------------------------------
Posted via Blogaway
Posted via Blogaway